Monday, February 3, 2014

ကွန်ပျူတာ Desktop Shortcut Icon အားလုံး တူနေခြင်း ပြဿနာ





တချို့
သူငယ်ချင်းတွေ ဒီပြဿနာလေးကို ကြုံဖူးကြမယ်ထင်ပါတယ်... Program (or) Software တစ်ခုခုကို
Right Click > Open With ကို နှိပ်မိလို့ဖြစ်စေ Virus ကြောင့်ဖြစ်စေ
Desktop ပေါ်က Icon တွေ အားလုံး  Internet  Explorer (IE), Window Media
Player,   Adobe Reader ,iTunes ,PD F ,  Excel. lnk,Word    စ,တဲ့ Icon တွေချည်း
ဖြစ်သွားတတ်တာပါ... ဥပမာ IE Icon တွေချည်းဖြစ်သွားတဲ့အခါ ဘယ်   Program ကို
ဖွင့်ဖွင့် IE ပဲ ပွင့်နေပြီး   ကိုဖွင့်ချင်တဲ့ Program ကို
ဖွင့်မရတော့ပါဘူး....   အဲ့ဒီလို ဖြစ်လာရင် တချို့က Window
ပြန်တင်တတ်ကြတာများပါတယ် ...   အမှန်က Window ပြန်တင်စရာ   မလိုပါဘူး... အောက်
နည်းလမ်း နှစ်မျိုးနဲ့ ဖြေရှင်းပေးနိုင်ပါတယ်...




နည်းလမ်း (၁)



Run ကို ခေါ်ပါ... (Win Key + R)....


Run Box မှာ  regedit ရေးထည့်ပြီး Enter ခေါက်ပါ....


Registry Editor တတ်လာရင် အောက်ပါ လမ်းကြောင်းအတိုင်း တဆင့်ခြင်းသွားပါ....



HKEY_CURRENT_USER > Software > Microsoft > Windows > CurrentVersion > Explorer > FileExts > .lnk



lnk Floder ကိုဖွင့်ပါ ..  Subfolders ထဲက ဖိုင်လ်တွေကို Delete လုပ်ပေးလိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ....။ 



အဆင်မပြေရင် မူရင်းကိုကြည့်ပါ...။





Steps to recover back all original icons:



  • Open run command by pressing windows key (windows logo) and R together.



  • Type “regedit” and press enter.



  • Browse the computer system registry into




  • “HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.lnk”
    (It may take time to reach there, so be patient)



  • Delete all subfolders under “.lnk” directory  but please never ever  delete the “.lnk” folder.



  • Close registry editor (regedit).



  • The shortcuts on your desktop will still not work now although clicking on it will work fine. So better reboot your system.

နည်းလမ်း (၂) 
ဒီနည်းလမ်းကတော့ အရမ်းလွယ်ပါတယ် အောက်မှာတင်ပေးထားပေးတဲ့ Windows 7 shortcut Fixer ဆိုတဲ့ RAR ဖိုင်လ်လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ... exe.reg လေးကို Double Click နဲ့ Install ပေးရုံပါပဲ...ပြီးရင် ကွန်ပျူတာကို Restart ချပေးပါ...။
Window ပြန်တတ်လာရင် မိမိတို့မှာ ရှိတဲ့ Antivirus Program နဲ့ Full Scan စစ်ပေးပြီး တွေ့တဲ့ Virus တွေကို Delete လုပ်ပေးပါ...။


Windows 7 shortcut Fixer
ဒီမှာယူနော်

Friday, January 24, 2014

Windows 7 မှ Wifi ပြန်လွှင့်နည်း

ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ
 ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
 ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
 Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
 Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။

 Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။

 ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
 ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
 ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork

Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။

Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

 ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။အားလုံးအဆင်ပြေကြပါစေခင်မျာ။

Gmail address တစ်ခုကို သိရုံနဲ့ဘယ်နိုင်ငံကလဲဆိုတာခန့်မှန်းမယ်

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခု က Spypig ပါ။
၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
၃ ။ Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။

ကဲ မန်ဘာတို့ ခုသုံးနေတဲ့ computer screen shoot အပြိုင်တင်ကြရအောင် အပျင်းပြေပေါ့ ...



screen shoot ရိုက်နည်းကတော့ ( မသိသေးသူများအတွက်ပါ ဆြာကြီးတွေမပါ )
ရိုက်ချင်တဲ့ အနေအထားကို Prt Scr/SysRq Key နှိပ်လိုက်ပါ ... ပီးရင် Run Box မှာ mspaint ကိုခေါ်ပီး Ctrl + V (paste) လိုက်ပါ.. save လိုက်ရင်ရပါပီး ကဲ ဒါကတော့အနော့ desktop ပါ ..

No comments:

Post a Comment