Tuesday, February 4, 2014

Window OEM (Original Equipment Manufacturer) ဆိုတာ....?

Window OEM (Original Equipment Manufacturer) ဆိုတာ....?

ဒီပို့စ်လေးက ကြာတော့ ကြခဲ့ပါပြီ  MMiTPro ဖိုရမ်မှာ ကို Thiha Oo
ရေးထားတာလေးပါ .. Window OEM  တွေ တင်ပေးစရာရှိလို့ ဒီပို့စ်လေးကို အရင်မျှဝေပေးလိုက်တာပါ.. အားလုံး ဗဟုသုတ တိုးပွားကြပါစေ...။

Activate 64-bit Windows 7 with 32-bit's product key


ဒီ Post ကို ကျွန်တော် လက်တွေ့ ကိုယ်တိုင် စမ်းကြည့်ပြီးမှ ရေးဖြစ်တာပါ။ Windows 7 OEM installation နဲ့ ပါတ်သက်တဲ့ အတွက် 32-bit နဲ့ 64-bit installer ကြားမှာ product key တစ်ခုထဲကို သုံးလို့ ရမရ သိချင်လို့ forum တွေမှာ လေ့လာကြည့်၊ မေးကြည့်တော့ အမျိုးမျိုးနဲ့ သေချာ တိကျတဲ့ အဖြေကို မရဘူးလို့ ခံစားရပါတယ်။

Windows 7 installer တွေကို ၀ယ်ရင် OEM (Original Equipment Manufacturer) edition, Retail edition နဲ့ Upgrade ဆိုပြီး ၃ မျိုးရှိတာ ကျွန်တော်တို့ သိပါတယ်။ များသောအားဖြင့် မြန်မာနိုင်ငံမှာ pirated (cracked) installer တွေကို သုံးပြီး install လုပ်သူတွေ အတွက်တော့ ဒါတွေကို ဂရုထားစရာ လိုမယ် မထင်ပါ။ တစ်ကယ်တမ်း Windows 7 installer တွေကို ၀ယ်သုံးမယ် ဆိုရင်တော့ သေချာစဉ်းစားဖို့ လိုပါတယ်။

OEM installer တွေက ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ Windows 7 Home Premium ကို 120 S$ လောက်ပေးရ ပါတယ်။ Windows 7 Professional OEM ဆိုရင် ၁၉၀ စင်ကာပူ ဒေါ်လာ လောက်နဲ့ OEM Ultimate version ဆိုရင် ဒေါ်လာ ၂၅၀ လောက် ရှိနိုင်ပါတယ်။ OEM က ဘာလို့ ဈေးသက်သာရ သလည်းဆိုရင် OEM Windows installer နဲ့ အတူ ပါလာတဲ့ product key (serial key) ကို သုံးပြီး ကွန်ပျူတာကနေ activate လုပ်လိုက်ပြီ ဆိုတာနဲ့ အဲဒီ product key ကို တစ်ခြား စက်မှာ သုံးလို့ မရတော့ပါဘူး။ ဆိုလိုတာက OEM Windows ရဲ့ product key တွေက စက်တစ်ခုကို အသေ မှတ်ထားပါတယ်။ ဒီစက်ထဲကို ထည့်ပြီးရင် တစ်ြခား စက်မှာ activate ပြန်လုပ်လို့ မရတော့ပါဘူး။ 
ဒါကြောင့် ဈေးသက်သာတာပါ။ စက်တစ်ခုမှာပဲ သုံးလို့ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ OEM Windows installation key က သူ့ကို ထည့်လိုက်တဲ့ computer ရဲ့ motherboard ကို အသေမှတ်ထားပြီး activate လုပ်တဲ့ အချိန်မှာ Microsoft ကို လှမ်းပြီး register လုပ်ထား လိုက်တဲ့အတွက် install လုပ်ပြီးလို့ activate လုပ်လိုက်ပြီ ဆိုတာနဲ့ သူ့ကို တစ်ခြား ကွန်ပျူတာကို ပြောင်းပြီး activate ပြန်လုပ်လို့ မ၇တော့ပါဘူး။ OEM Windows 7 installer ကို ၀ယ်ရင် 32-bit နဲ့ 64-bit ကို သီးသန့် တစ်ခုစီ ၀ယ်ရပါတယ်။ ၂ ခု တွဲမရောင်းပါဘူး။ အမှန်တစ်ကယ်က OEM Windows installer တွေက end-user တွေ အတွက် မရည်ရွယ်ပါ။ Computer စက်တွေ ကို ဆင်ပြီး ရောင်းတဲ့သူတွေ အတွက်သာ ရည်ရွယ်ပါတယ်။ ဒါကြောင့် OEM က ဈေးသက်သာ ပေမယ့် Microsoft က technical support လည်း မပေးပါဘူး။
Retail version ဖြစ်တဲ့ Windows 7 installer တွေက ပိုဈေးကြီး ပါတယ်။ သူတို့ကို End user တွေ အတွက် တစ်ကယ် ရည်ရွယ်ပြီး ရောင်းတာပါ။ ဒါကြောင့် package လေးကလည်း လှတယ်။ User guide စာအုပ်လေးလည်း ပါတယ်။ ပြီးတော့ Retail version Windows installer ကို ၀ယ်ရင် 32-bit နဲ့ 64-bit အတွက် အထဲမှာ DVD နှစ်ချပ် ပါပါတယ်။ ဒါကြောင့် user က ကြိုက်တာကို install လုပ်လို့ ရပါတယ်။ Retail version Windows 7 Home Premium က 255 S$ လောက်ရှိပြီး Windows 7 Professional ဆိုရင် 450$ လောက် ပေးရပါတယ်။ OEM ထက် ပိုလို့ ဈေးကြီးပါတယ်။ Retail version က တစ်ခုကောင်းတာက ကွန်ပျူတာ တစ်လုံးထဲကို အသေမှတ်ထား တာမျိုး မရှိပါဘူး။ သူ့ကို ကွန်ပျူတာ တစ်ခုမှာ install လုပ်ပြီးလို့ activate လုပ်ပြီးရင် နောက်ပိုင်းမှာ တစ်ခြား ကွန်ပျူတာကို ပြောင်းပြီး activate ထပ်လုပ်လို့ ရပါတယ်။
 များသော အားဖြင့် အနည်းဆုံး ၃ ကြိမ် ပြောင်းထည့်ခွင့် ရှိပါတယ်။ ၃ ကြိမ်ထက် ပိုပြီး ကွန်ပျူတာ တစ်လုံးကနေ နောက်တစ်လုံးကို ပြောင်းပြီး activate လုပ်ရင် Microsoft ကို ဖုန်းခေါ်ပြီး product activate key ကို သူတို့ ဖုန်းထဲက ပြောတဲ့အတိုင်း ပြန်ထည့် ပေးဖို့တော့ လိုကောင်း လိုပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Retail
Version installer တွေက ကွန်ပျူတာကို ပြောင်းပြီး activate ပြန်လုပ်လို့ ရနိုင်ပါတယ်။ ပြီးတော့ end-user တွေ အတွက် ရည်ရွယ်တဲ့ အတွက် Microsoft က technical support ပေးပါတယ်။ ဒီမှာဆိုရင် သူတို့ကို ဖုန်းခေါ်ပြီး မေးလို့ ရပါတယ်။

Upgrade version ဖြစ်တဲ့ Windows 7 installer တွေကတော့ ရှင်းပါတယ်။ သူတို့ကို ဘာမှမရှိတဲ့ hard disk အသစ်စက်စက် ထဲကို ထည့်ခွင့် မရှိပါဘူး။ Upgrade version ကို install လုပ်ဖို့အတွက် hard disk ထဲမှာ အရင် version Windows OS တစ်ခုခု ရှိနေရပါမယ်။ ဒါမှသာ Windows 7 upgrade installer ကို သုံးပြီး install လုပ်လို့ ရမှာပါ။ ဒါပေမယ့် တစ်ကယ်တမ်းမှာ hard disk အလွတ်ထဲကို upgrade version installer တွေကို ကြံဖန်ပြီး ရအောင် ထည့်ခဲ့ကြပါတယ်။ (ရတဲ့ နည်းတွေလည်း ရှိပါတယ်)။ Upgrade installer တွေရဲ့ ဈေးက များသောအားဖြင့် OEM နဲ့ Retail ရဲ့ ကြားထဲမှာ ရှိတတ်တာ များပါတယ်။


ကျွန်တော့ laptop ထဲမှာ Windows 7 Home Premium (32-bit) OEM ကို install လုပ်ထားပါတယ်။ ကျွန်တော့ laptop က MacBook PRO ဖြစ်တဲ့အတွက် Win 7 installer OEM version ကို သီးသန့် ၀ယ်ခဲ့တာပါ။ အဲဒီ 32-bit Win7 Home Premium (OEM) ကို 120S$ ပဲပေးရတဲ့ အတွက် retail version ထက် ဈေးသက်သာ ပါတယ်။ Windows 7 32-bit ကို laptop ထဲကို install လုပ်ပြီး activate လုပ်ခဲ့ပါတယ်။ OEM ဖြစ်တဲ့အတွက် computer ပြောင်းပြီး activate လုပ်လို့ မရတော့ပါဘူး။

နောက်ပိုင်းမှာ 32-bit Windows 7 ကို မသုံးချင်တော့ပဲ 64-bit Windows 7 ကို သုံးချင်ခဲ့ ပါတယ်။ ဘာလို့လည်း ဆိုတော့ memory များများ သုံးချင်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် OEM Windows 7 installer က ၀ယ်တုန်း 32-bit DVD တစ်ချပ်ပဲ ပါပြီး သူ့အတွက် product key တစ်ခု ပါတယ်လေ။ ဒါကြောင့် 64-bit ကို ပြောင်းပြီး အဲဒီ 32-bit မှာ ပါလာတဲ့ product key နဲ့ပဲ activate ပြန်လုပ်လို့ ရမရ မသေချာဘူးပေါ့။ Forum တွေမှာ လျှောက်ရှာကြည့်တော့လည်း တစ်ချို့က ရတယ်၊ တစ်ချို့ကလည်း မဖြစ်နိုင်ဘူး ပြောပါတယ်။ ဒါနဲ့ ကိုယ့်ဘာသာပဲ လက်တွေ့စမ်းကြည့်ခဲ့ ပါတယ်။ 64-bit Windows 7 OEM installer DVD ကို သူငယ်ချင်း တစ်ယောက်ဆီက ငှားပြီး
laptop ထဲကို install လုပ်လိုက်ပါတယ်။ ကျွန်တော် ၀ယ်ထားတဲ့ 32-bit Windows 7 installer က Home Premium ဆိုတော့ 64-bit Win7 Home Premium ကို ပဲ install လုပ်ခဲ့ပါတယ်။

ပြီးတော့ ကျွန်တော့ရဲ့ 32-bit Windows ၀ယ်တုန်းက ပါလာတဲ့ product key (serial key) နဲ့ Microsoft ကို လှမ်းပြီး online ကနေ activate လုပ်လိုက်တော့ activate လုပ်လို့ ရတာကို ၀မ်းသာစွာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော့အတွက် 64-bit Windows 7 OEM installer တစ်ခု ထပ်ဝယ်စရာ မလိုတော့ ဘူးပေါ့။ 
ဒါကိုကြည့်ရင် install လုပ်ပြီး activate လုပ်ထားတဲ့ ကွန်ပျူတာသာ မပြောင်းဘူး ဆိုရင် (စက် တူတယ်ဆိုရင်) OEM 32-bit Windows အတွက် product key ကို OEM 64-bit Windows အတွက် သုံးလို့ ရတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ install လုပ်တဲ့ Windows တွေက ၀ယ်ထားတဲ့ 32-bit OS က Home Premium ဆိုရင် 64-bit ကလည်း Home Premium ဖြစ်ဖို့ လိုပါတယ်။ လက်ထဲမှာ ရှိထားတဲ့ 32-bit က Professional ဆိုရင် ကျွန်တော်တို့ ပြောင်းချင်တဲ့ 64-bit OS ကလည်း Professional ဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ producct key ကို ပြန်သုံးပြီး activate လုပ်လို့ ရမှာပါ။ (Microsoft မှာ activate လုပ်ထားမှသာ တရားဝင် ပါတယ်)။

ဒါကတော့ ကျွန်တော်ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်ခဲ့တဲ့ အတွေ့အကြုံကို ပြန်ပြီး မျှဝေတာပါ။ ဒါကြောင့် computer တစ်လုံးထဲမှာပဲ 32-bit ကနေ 64-bit Windows 7 ကို ပြောင်းသုံးချင်သူတွေ အတွက် ဈေးသက်သာတဲ့ OEM installer နဲ့ အလုပ်ဖြစ်တယ် ဆိုတာ ပြောချင်ပါတယ်။ (Retail version Windows 7 installer တွေကတော့ အစကထဲက 32-bit နဲ့ 64-bit အတွက် DVD ၂ ချပ်ပါတဲ့ အတွက် product key တစ်ခုထဲကို ၂ မျိုးလုံးအတွက် သုံးနိုင်ပါတယ်။)

 Thiha Oo

http://mmitpros.ning.com

Monday, February 3, 2014

ကွန်ပျူတာ Desktop Shortcut Icon အားလုံး တူနေခြင်း ပြဿနာ





တချို့
သူငယ်ချင်းတွေ ဒီပြဿနာလေးကို ကြုံဖူးကြမယ်ထင်ပါတယ်... Program (or) Software တစ်ခုခုကို
Right Click > Open With ကို နှိပ်မိလို့ဖြစ်စေ Virus ကြောင့်ဖြစ်စေ
Desktop ပေါ်က Icon တွေ အားလုံး  Internet  Explorer (IE), Window Media
Player,   Adobe Reader ,iTunes ,PD F ,  Excel. lnk,Word    စ,တဲ့ Icon တွေချည်း
ဖြစ်သွားတတ်တာပါ... ဥပမာ IE Icon တွေချည်းဖြစ်သွားတဲ့အခါ ဘယ်   Program ကို
ဖွင့်ဖွင့် IE ပဲ ပွင့်နေပြီး   ကိုဖွင့်ချင်တဲ့ Program ကို
ဖွင့်မရတော့ပါဘူး....   အဲ့ဒီလို ဖြစ်လာရင် တချို့က Window
ပြန်တင်တတ်ကြတာများပါတယ် ...   အမှန်က Window ပြန်တင်စရာ   မလိုပါဘူး... အောက်
နည်းလမ်း နှစ်မျိုးနဲ့ ဖြေရှင်းပေးနိုင်ပါတယ်...




နည်းလမ်း (၁)



Run ကို ခေါ်ပါ... (Win Key + R)....


Run Box မှာ  regedit ရေးထည့်ပြီး Enter ခေါက်ပါ....


Registry Editor တတ်လာရင် အောက်ပါ လမ်းကြောင်းအတိုင်း တဆင့်ခြင်းသွားပါ....



HKEY_CURRENT_USER > Software > Microsoft > Windows > CurrentVersion > Explorer > FileExts > .lnk



lnk Floder ကိုဖွင့်ပါ ..  Subfolders ထဲက ဖိုင်လ်တွေကို Delete လုပ်ပေးလိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ....။ 



အဆင်မပြေရင် မူရင်းကိုကြည့်ပါ...။





Steps to recover back all original icons:



  • Open run command by pressing windows key (windows logo) and R together.



  • Type “regedit” and press enter.



  • Browse the computer system registry into




  • “HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.lnk”
    (It may take time to reach there, so be patient)



  • Delete all subfolders under “.lnk” directory  but please never ever  delete the “.lnk” folder.



  • Close registry editor (regedit).



  • The shortcuts on your desktop will still not work now although clicking on it will work fine. So better reboot your system.

နည်းလမ်း (၂) 
ဒီနည်းလမ်းကတော့ အရမ်းလွယ်ပါတယ် အောက်မှာတင်ပေးထားပေးတဲ့ Windows 7 shortcut Fixer ဆိုတဲ့ RAR ဖိုင်လ်လေးကို ဒေါင်းယူပြီး ဖြည်လိုက်ပါ... exe.reg လေးကို Double Click နဲ့ Install ပေးရုံပါပဲ...ပြီးရင် ကွန်ပျူတာကို Restart ချပေးပါ...။
Window ပြန်တတ်လာရင် မိမိတို့မှာ ရှိတဲ့ Antivirus Program နဲ့ Full Scan စစ်ပေးပြီး တွေ့တဲ့ Virus တွေကို Delete လုပ်ပေးပါ...။


Windows 7 shortcut Fixer
ဒီမှာယူနော်

Friday, January 24, 2014

Windows 7 မှ Wifi ပြန်လွှင့်နည်း

ဒီတခါတော့ ကျွန်တော် Windows 7 ကနေ Wifi ပြန်လွှင့်ဖို့ကို ဖော်ပြပေးချင်ပါတယ်။
Wifi ပြန်လွှင့်ဖို့အတွက်က သင်အသုံးပြုတဲ့ PC မှာ Wireless adaptor ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း Laptop တွေကတော့ တော်တော်များများ Wireless ပါလာပြီးသားဖြစ်မှာပါ။
ပထမဆုံးကျွန်တော်တို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေပေးဖို့အတွက် Internet connection sharing (ICS) services ကို services ကနေ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်။
ICS ကို ဖွင့်ဖို့အတွက် Run box ကို ခေါ်ရမှာဖြစ်ပါတယ်။ Win key + R ကိုတွဲနှိပ်လိုက်ပါ
 ပြီးရင်တော့ Run box မှာ services.msc လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
 ဒါဆိုရင် Services windows ကျလာပါလိမ့်မယ်။
 Services မှာ Internet connection sharing (ICS) ဆိုတာကို ရှာပါ။ တွေ့ပြီဆိုရင် Start ဖြစ်နေလား မဖြစ်နေဘူးလား စစ်ကြည့်လိုက်ပါ။ မဖြစ်ဘူး၊ Disable ဖြစ်နေတယ်ဆိုရင်တော့ Internet connection sharing (ICS) ကို select ပေး၊ ညာဘက် ကလစ်နှိပ် Properties ကိုဖွင့်ပါ။
 Properties မှာ Status type: မှာ Manual ထားလိုက်ပါ။ Disable ကလွဲရင် နှစ်သက်ရာကို ထားနိုင်ပါတယ်။ ပြီးရင်တော့ Ok နဲ့ ထွက်လိုက်ပါ။ ပြီးရင်တော့ Internet connection sharing (ICS) ကို ပြန်ပြီး select ပေး၊ ညာဘက် ကလစ်နှိပ် ပြီး Start လုပ်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Internet connection sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် Services Windwos ကို ပိတ်လိုက်လို့ရပါပြီ။ ပြီးရင်တော့ ကွန်ပျူတာကို Restart ပြုလုပ်လိုက်ပါ။ ကွန်ပျူတာ Restart ပြီးသွားရင်တော့ Internet Connection Sharing (ICS) အလုပ်လုပ်နေပြီ ဖြစ်ပါတယ်။
ဆက်ပြီးတော့ Virtual AP ပြုလုပ်ပုံကို ကြည့်ကြရအောင်ဗျာ။
ပထမဆုံး Command Prompt (CMD) ကို ဖွင့်ပါ။ (Win Key + R တွဲနှိပ်ပြီး Run-box ကို ခေါ်ပါ။
Run-Box ကျလာပြီဆိုရင် cmd လို့ ရိုက်ထည့်ကာ Enter လုပ်လိုက်ပါ သို့မဟုတ် OK ကို နှိပ်ပါ။

 Command Prompt (CMD) ကျလာပြီိဆိုပါက အောက်ပါအတိုင်း ရိုက်ထည့်ပါ။ ပြုပြင်ရမယ့် နေရာတွင် အနီရောင်ဖြင့် ရေးသားပေးသွားမည် ဖြစ်ပါသည်။
netsh wlan set hostednetwork mode=allow ssid=”MySSID” key=”Mykey” keyUsage=persistent
MySSID နေရာမှာတော့ သင်နှစ်သက်ရာ နာမည်တစ်ခုခုကို ပြောင်းထည့်နိုင်ပါတယ်။
Mykey နေရာမှာတော့ လျှို့ဝှက်စကားလုံး တစ်ခုခုကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၈ လုံးရိုက်ထည့်ပေးရပါမယ်။
အောက်မှာ ကြည့်လိုက်ပါ။

 ဒါကို Enter ခေါက်လိုက်မယ်ဆိုရင် အောက်ပါအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
 ဒါပြီးရင်တော့ Network Sharing Center က Devices တွေမှာ သွားကြည့်လိုက်ပါ။ သွားကြည့်ရမယ့် လမ်းကြောင်းကတော့ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။
 ပုံမှာ အနီရောင်နဲ့ ပြထားတာကတော့ Microsoft Virtual Wifi ပဲ ဖြစ်ပါတယ်။ ကျွန်တော့်မှာတော့ Wireless Network Connection 2 ဆိုပြီး ပေါ်ပါတယ်။ သင့်မှာတော့ ဘယ်လိုပေါ်မလဲဆိုတာ မသိပေမယ့် အောက်ဆုံးက စာကြောင်းကို ကြည့်ရင် သိနိုင်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း Microsoft Virtual WiFi Miniport Adaptor ဆိုပြီး ပေါ်နေမှာ ဖြစ်ပါတယ်။ Not connected ဖြစ်နေတာကတော့ ကျွန်တော် Wifi ကို မဖွင့်ပေးရသေးလို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် အဖွင့်အပိတ်ကို ဆက်ပြောပါ့မယ် ခင်ဗျာ။
ဖွင့်ဖို့အတွက်ကတော့ Command Prompt (CMD) ကို ခေါ်ပြီး အောက်ပါ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
netsh wlan start hostednetwork

Computer Restart ဖြစ်သွားတာဖြစ်ဖြစ် ပိတ်ပြီး ပြန်ဖွင့်တာဖြစ်ဖြစ် netsh wlan start hostednetwork ကို ပြန်ရိုက်ပေးဖို့ လိုအပ်ပါတယ်။
ပိတ်ဖို့အတွက်ကတော့ start နေရာမှာ stop ကို ရေးရမှာ ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
netsh wlan stop hostednetwork

ဒီလိုဆိုရင်တော့ ကွန်ယက် (Network) ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) တော့ ရဦးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ကို မျှဝေ (share) လုပ်ပေးဖို့ လိုအပ်နေပါသေးတယ်။ အဲဒီအတွကိုတော့ ကျွန်တော်တို့ Control Panel ကနေ Network Connections ဆီကို အပေါ်မှာ သွားသကဲ့သို့ ထပ်သွားရပါဦးမယ်။ Control Panel\All Control Panel Items\Network Connections ပဲ ဖြစ်ပါတယ်။ Run-box ကနေ တိုက်ရိုက်ခေါ်ချင်တယ်ဆိုရင်တော့ ncpa.cpl လို့ ရိုက်ခေါ်နိုင်ပါတယ်။ Netwrok Connections တွေရဲ့ ပုံကို အောက်မှာ ဆက်ကြည့်လိုက်ပါ။

Wireless Network Connection က ကျွန်တော့် Laptop က မူရင်း Wireless adaptor ပဲ ဖြစ်ပါတယ်ပါ။ အောက်မှာတော့ သုံးထားတဲ့ Connection SSID ဖြစ်တဲ့ LawKaNat.Hotel ပါ။ ပြီးတော့ ဘေးနားမှာ Shared ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါက Internet Connection Sharing လုပ်ထားတယ်ဆိုတာကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မျှဝေခြင်း (Internet Connection Sharing)အကြောင်း ဆက်ကြည့်ရအောင်ဗျာ။ ပထမဆုံးဆုံး အင်တာနက် ကွန်ယက်ချိတ်ဆက်မှု (Internet Connection) ရှိနေတဲ့ မူရင်း adaptor ကို ညာဘက်ကလစ်လုပ်ပြီး Properties ထဲကိုဝင်ပါ။ Properties ထဲက မျှဝေခြင်း (Sharing) ကို ဆက်သွားပါ။ အောက်ပါပုံအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

 ပုံမှာ အနီရောင်နဲ့ ပြထားတဲ့အတိုင်း Allow other network users to connect through this computer’s Internet connection ဆိုတာကို Check ပေးထားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Home networking connection: မှာ ပြထားတဲ့အတိုင်း ကလစ်လုပ်လိုက်ပါက Microsoft Virtual WiFi ဖြစ်တဲ့ Wireless Network Connection 2 ကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ရွေးပေးပြီးရင်တော့ OK နဲ့ ထွက်လိုက်နိုင်ပါပြီ။ ဒီလိုဆိုရင် တစ်အိမ်လုံး Router သို့မဟုတ် Access Point ဝယ်စရာမလိုတော့ပဲ အင်တာနက် ကွန်ယက်ကို မျှဝေသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်နီးပါး ပုံနှစ်တကွ ဖေါ်ပြပေးထားတဲ့အတွက် မရှင်းမလင်းတာတွေ မရှိလောက်ဘူးလို့ ယူဆပါတယ်။အားလုံးအဆင်ပြေကြပါစေခင်မျာ။

Gmail address တစ်ခုကို သိရုံနဲ့ဘယ်နိုင်ငံကလဲဆိုတာခန့်မှန်းမယ်

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံ ကလဲ ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခု က Spypig ပါ။
၁ ။ Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
၂ ။ နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
၃ ။ Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
၎။ ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
၅။ အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
၆။ ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။

ကဲ မန်ဘာတို့ ခုသုံးနေတဲ့ computer screen shoot အပြိုင်တင်ကြရအောင် အပျင်းပြေပေါ့ ...



screen shoot ရိုက်နည်းကတော့ ( မသိသေးသူများအတွက်ပါ ဆြာကြီးတွေမပါ )
ရိုက်ချင်တဲ့ အနေအထားကို Prt Scr/SysRq Key နှိပ်လိုက်ပါ ... ပီးရင် Run Box မှာ mspaint ကိုခေါ်ပီး Ctrl + V (paste) လိုက်ပါ.. save လိုက်ရင်ရပါပီး ကဲ ဒါကတော့အနော့ desktop ပါ ..

15 Premium Leecher ( Premium Account ၀ယ်စရာမလိုဘဲ Download ပြုလုပ်လို့ရမည့် Link )

15 Premium Leecher ( Premium Account ၀ယ်စရာမလိုဘဲ Download ပြုလုပ်လို့ရမည့် Link )


ကျွန်တော်တို့ ဖိုင်တွေကိုဒေါင်းဖို့အတွက် Hosting Link အမျိုးမျိုးကြုံဖူးကြပါတယ်.. Free ဒေါင်းလို့ရတဲ့ လင့်တွေရှိပေမယ့် အကန့်အသတ်တွေနဲ့ပါ.. Premium Account ဝယ်မှ ဖိုင်ဆိုဒ်ဘယ်လောက်ကို ဒေါင်းလို့ရမယ် စသည်ဖြင့်ပေါ့.. ဒီတော့ ဖိုင်ဆိုဒ်ကြီးကြီးတွေကိုဒေါင်းတတ်သူတွေဆို ဒုက္ခရောက်ကြရတယ်.. Premium Account ဝယ်ဖို့ ပိုက်ဆံလိုပါတယ်.. အဲဒီပိုက်ဆံကလည်း မြန်မာငွေ လက်ထဲမှာရှိနေလို့ရတာမဟုတ်ပါဘူး.. Online Banking Service နဲ့ချိန်ပြီး Paypal တို့လို အကောင့်တွေရှိမှဝယ်လို့ရတာပါ.. ဒီတော့ မဝယ်ဘဲနဲ့ Premium Account တွေလို ဒေါင်လို့ရမယ့် လင့်ကို ညွှန်းပေးလိုက်ပါတယ်.. အောက်ကနေရာကို နှိပ်.. Adf.ly မှာ ၅ စက္ကန့်စောင့်ပြီး Skip ကိုနှိပ်ပါ.. လင့်တစ်ခုကိုရောက်ပါမယ်.. ဒေါင်းရမယ့်လင့်ကို Download ဆိုတဲ့ အဝါရောင် Button ဘေးက Insert your download link here  အကွက်ထဲမှာထည့်ပြီး Download ဆိုတာကိုနှိပ်ရုံပါပဲ. ဒေါင်းရခက်တဲ့ဆိုဒ်တွေအပါအဝင် Host 15 ခုကို ထောက်ပံ့ပေးပါတယ်..
အားလုံးဘဲအဆင်ပြေကြပါစေခင်ဗျ။

http://adf.ly/cyHBO


List Premium Accounts :
- TUSFILES
- RAREFILE
- UPTOBOX
- FUJIFILE
- LETITBIT
- UPLOADED
- TURBOBIT
- CROCKO
- FILESMONSTER
- FILEVELOCITY
- CZSHARE
- ALBAFILE
- FILEBOX
- SECUREUPLOAD
- FILESTAY
- UPLOADHERO
- PREMIUMIZE
- RAPIDGATOR
- DROPBOX
- MYVDRIVE
- GIGABASE
- CRAMIT
- SHARE-RAPID
- FILEDEFEND
- UNIBYTES
- FILEUPLO
- NETFLIX
- NOVAFILE
- IPTORRENTS
- MP3MILLION
- UNIBYTES
- MORE,......

Tuesday, January 28, 2014

Raspberry Pi ဘော်ဒါများလေ့လာရန်



မြန်မာမိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှု ခြောက်လ အခမဲ့အသုံးပြုနိုင်မည်

ဇန်န၀ါရီ ၂၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ် ။  
မိုဘိုင်းဖုန်းဖြင့် ငွေအသုံးပြုမည့် မြန်မာမိုဘိုင်းဖုန်းငွေကြေးဝန်ဆောင်မှုကို ပထမခြောက်လအတွင်း အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မိုဘိုင်းဘဏ်စနစ်ပြုလုပ်ခွင့်ရသည့် အင်းဝဘဏ်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်က ဇန်န၀ါရီ ၂၄ ရက် ချက်ထရီယန်ဟိုတယ်တွင် ပြုလုပ်သော မိုဘိုင်းငွေကြေးစတင်အသုံး ပြုခြင်းအခမ်းအနားတွင် ပြောကြားလိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က “Myanmar Mobile Money" ကို ပထမခြောက်လအတွင်း အခမဲ့အသုံး ပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်ပိုင်းမှာ တစ်လကို ကျပ် ၂,၀၀၀ ကောက်ယူသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို GSM နှင့် CDMA မိုဘိုင်းဖုန်းလိုင်းနှစ်ခုလုံးတွင် အသုံးပြုနိုင်ပြီး ကျေးလက်ဒေသအထိ အသုံးပြုနိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေထုတ်ယူ၊ ငွေသွင်း နိုင်သည့်အေးဂျင့်အများအပြားထားရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အေးဂျင့်တွေ အများကြီးထားသွားရမယ်။ နောက်ပိုင်းမှာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို ပြည်တွင်းမှာ သာမကဘဲ International Mobile Service ကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်”ဟု ဒုတိယဗိုလ် ချုပ်ကြီးဝေလွင်က ပြောသည်။

ပြည်တွင်းမှဘဏ်များအနေဖြင့် မိုဘိုင်းဘဏ်စနစ်ပြုလုပ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားခဲ့ကြပြီး ၂၀၁၃ ဒီဇင်ဘာ ၁၈ ရက်တွင် အင်းဝဘဏ်ကို ပထမဆုံးလုပ်ကိုင် ခွင့်လိုင်စင်ချထားပေးခဲ့ခြင်းဖြစ်သည်။

“မိုဘိုင်းဘဏ်လုပ်ငန်းကို ခွင့်ပြုရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘဏ်တွေနဲ့ ဆက်သွယ်ပြီးဆောင် ရွက်နိုင်ခြင်းမရှိသေးတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ကျေးလက်ဒေသမှာနေထိုင်တဲ့သူတွေဆီကို ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေ စရိတ်စက အသက်သာဆုံးနဲ့ အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင် ပေးတာဖြစ်ပါတယ်။ အဲဒီလိုပဲ Mobile Banking က ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် များစွာ အထောက်အကူဖြစ်ပါတယ်”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဆိုသည်။

Myanmar Mobile Money တွင် GSM နှင့် CDMA နှစ်မျိုးလုံး အသုံးပြုနိုင်ပြီး အသုံးပြုရာတွင်လည်း SMS ပေးပို့သည့် စနစ်၊ USSD စနစ်နှင့် မိမိစမတ်ဖုန်းအတွင်း application ထည့်သွင်းသည့်စနစ် စသည့် ပုံစံသုံးမျိုးဖြင့် အသုံးပြုနိုင်သည်။

Myanmar Mobile Money ၏ ၀န်ဆောင်မှုဌာနမှ တာဝန်ရှိသူတစ်ဦးက “Mobile Money၀န်ဆောင်မှု ကိုGSM ဖုန်းဆို စနစ်သုံးမျိုးလုံးမှာ ကြိုက်နှစ်သက်ရာအသုံးပြုနိုင်ပါတယ်။CDMA 800 MHz ဖုန်းဆိုapplication နဲ့ SMS စနစ်ကို အသုံးပြုနိုင်ပြီးCDMA 450 ဆိုရင်SMS တစ်မျိုးတည်း အသုံးပြုနိုင်မှာဖြစ် ပါတယ်။ အကောင့်ဖွင့်ပြီးတဲ့အခါ အင်းဝဘဏ်ခွဲမှာဖြစ်ဖြစ်၊ နီးစပ်ရာအေးဂျင့်ဆီမှာဖြစ်ဖြစ် ငွေဖြည့်သွင်း ထားနိုင်ပါတယ်”ဟု ဆိုသည်။

Mizzima  

Mobile Money ကို သုံးစွဲခြင်း အားဖြင့်

1.ငွေစက္ကူ အများအပြား ထိန်းသိမ်းရန်မလိုတော့ခြင်း

2.24/7 Service ရှိခြင်း (1212)

3.ငွေကြွှေမလိုတော့ခြင်း

4.ငွေသွင်း/ထုတ်ရန် ဘဏ်အထိသွားလာရသည့် အချိန်ကုန်သက်သာခြင်း

5.ဘဏ်မရှိသော ကျေးရွာလေးများအထိ ဖုန်းရှိရုံဖြင့်ငွေလွှဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါသည်။

Mobile Money အကောင့်ဖွင့်ခြင်း၊

Mobile Money Service အသုံးပြုမည်ဆိုပါက ရှေးဦးစွာ Myanmar Mobile Money  နှင့် ချိတ်ဆက်ထားသည့် ဘဏ်များတွင် အကောင့်ဖွင့်ပြီး Register လုပ်ရပါမည်။

Bank Account ရှိပြီးသူများလည်း Mobile Money အသုံးပြုရန်အတွက် သီးသန့်အကောင့်တစ်ခု ထပ်ဖွင့်ရပါမည်။ 

အကောင့်ဖွင့်ရန်အတွက် မှတ်ပုံတင်၊ မိမိကိုယ်ပိုင်ဖုန်းနှင့် ဆိုင်းထိုးရန်အတွက် အကောင့်ဖွင့်လိုသူကိုယ်တိုင် လာရောက်၍ အနည်းဆုံး ငွေငါးထောင် စသွင်းပြီး ဖွင့်နိုင်သည်။

အကောင့်ဖွင့်၍ Register လုပ်ပြီးပါက မိမိ၏ မိုဘိုင်းလ် ဖုန်းအကောင့်အတွက် Pin Code. 4-8 (number only) ရမည်။ ထို Pin Code. အခြား မည်သူမှမသိအောင် ထိန်းသိမ်းထားရမည်။

Ref :  http://myanmarmobilemoney.com